နေ့စဉ်လူနေမှုဘ၀ တွေမှာရော ၊ အလုပ်မှာပါ Gmail ကို အသုံးပြုနေကြတဲ့အတွက် အရေးကြီးတဲ့ အီးမေး တွေလည်း ပေးပို့ရယူနေကြပါတယ်။ အဲဒီ အရေးကြီး အီးမေး တွေကို Backup လုပ်ဖို့အတွက် Third-Party Service တွေကို အသုံးပြုကြရပါတယ်။ အခုတော့ အဲဒီ Service တွေကို အသုံးပြုစရာမလိုတော့ဘဲ Gmail တွေကို Download လုပ်လို့ရတဲ့ Feature ကိုထည့်ပေးလိုက်ပြီဖြစ်ကြောင်း Google က ကြေညာပါတယ်။ Gmail အပြင် Calendar, Contacts, Drive, Voice, Hangouts, Google+ Circles, Google+ Stream, Google+ Pages, Blogger, YouTube , Google+ Photos စတဲ့ ၀န်ဆောင်မှုတွေက ဒေတာတွေကို Download လုပ်နိုင်ပါပြီ။ Gmail တွေကို .MBOX Format နဲ့ Download ရရှိမှာဖြစ်ပြီး တစ်ခြား Email Service တွေကို လည်း အလွယ်တကူကူးပြောင်းနိုင်ပါတယ်။ အောက်က လင့် ကို သွားပြီး သင့် Google Account နဲ့ Sign in ၀င်ပါ။ Create archive ကိုနှိပ်ပြီး Gmail Messages တွေကို ရွေးချယ် Download လုပ်နိုင်ပါတယ်။ ဒါ့အပြင် Labels တွေကိုပါ Download လုပ်နိုင်ပါတယ်။ Google က နောက်လအတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပြုလုပ်ပေးမယ်လို့ ကြေညာထားတဲ့အတွက် Download Page မှာ Gmail ကို မတွေ့ရဘူးဆိုရင် စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
https://www.google.com/settings/takeout
Credit>>> Smart Pro Journal
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။