မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲများကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျင်းပပြုလုပ်မည့် စာမေးပွဲအမျိုးအစားများမှာ Network Associate Examination (NA) နှင့် Network Professional Examination (NP) တို့ ဖြစ်သည်။ စာမေးပွဲကျင်းပမည့်နေ့မှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ဖြစ်ပြီး စာမေးပွဲကျင်းပပြုလုပ်မည့်အချိန်မှာ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဖြစ်သည်။ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက် နောက်ဆုံးထားကာ စာရင်းပေး သွင်းရမည် ဖြစ်သည်။ စာမေးပွဲကြေးမှာ Network Associate Examination အတွက် ၅၀၀၀ ကျပ် ဖြစ်ပြီး၊ Network Professional Examination အတွက် ၁၀၀၀၀ ကျပ် ဖြစ်သည်။ MCPA အသင်းဝင်များအား ၁၀ ရာခိုင်နှုန်း Discount ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသော ကျောင်းသူ၊ ကျောင်းသားများ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေး အတွက် ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်သည်။

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။