Saturday, December 14, 2013

မြန်မာပြည်မှာ ဘယ်ဖုန်းရောင်းအား အကောင်းဆုံးလဲ


နိုင်ငံတကာသတင်းတွေ၊ဆောင်းပါးတွေပဲဖတ်နေရတဲ့ ကျွန်တော်တို့ရဲ့  TechSpace Journal ဖန်တွေအတွက် ပြည်တွင်းက သတင်းကို ကိုယ်တိုင် ရှာဖွေ အင်တာဗျူးထားတဲ့ ဟာလေးတင်ဆက်မျှဝေပေးလိုက်ပါတယ်။

နိုင်ငံတကာမှာတော့ ဘယ်ဖုန်းကတော့ဖြင့် အရောင်းသွက်နေပါတယ်။ ဘယ်ဖုန်းကတော့ ဖြင့် တစ်ရက်တည်းနဲ့ ကုန်သွားပါတယ်။ စတဲ့ အကြောင်း
အရာတွေပဲကြားသိနေရတဲ့ စာဖတ်သူတွေအတွက် ထူးထူးခြားခြားဖြစ်သွား
အောင် ပြည်တွင်းမှာ အသုံးအများဆုံးဖြစ်တဲ့ စမတ်ဖုန်းတွေကို အင်တာဗျူး
ပြီး စစ်တမ်းကောက်ကြည့်မိတယ်။

ရန်ကုန် User တွေဖက်ကိုမလှည့်ခင် နယ်မှာဘယ်ဖုန်းတွေအရောင်းသွက်နေ
လည်းလို့ စုံစမ်း တီးခေါက်ကြည့်မိတဲ့ အခါမှာတော့ ကယားပြည်နယ်၊ လွိုင်ကော်မှာ ဖုန်းဆိုင်ဖွင့်ထားတဲ့ မယဉ်မင်းရဲ့ စကားသံကိုနားထောင်ကြည့်
မိတဲ့အခါ "အမဆိုင်ဖွင့်ထားတာ သုံးနှစ်လောက်တော့ရှိပါပြီ။ ဆိုင်မှာတင်ထား
တဲ့ဖုန်းတွေကတော့ အစုံပါပဲ၊ တရုတ်ကသွင်းတဲ့ ဖုန်းတွေလည်းရှိတယ်၊ ပြီးတော့နာမည်ရတဲ့ Huawei,Samsung,HTC အစရှိတဲ့ဖုန်းတွေပါတင်ထား
တယ်။ ဒါပေမယ့် အရောင်းအသွက်ဆုံးကတော့ တန်ဖိုးနည်း တရုတ် ဟန်းဆက်တွေ နဲ့ ပိုက်ဆံနည်းနည်းလိုက်နိုင်တဲ့ သူဆိုရင် တန်းမြင့်ဖုန်းထဲက
ဆိုရင် အခြားဖုန်းတွေနဲ့ ယှဉ်ရင် Huawei ကိုပိုပြီးကြိုက်ကြတယ်။ တခါတလေ ဆမ်ဆောင်း ကတစ်နှစ်၊တစ်လုံးတောင် မရောင်းရတဲ့အထိပါးပြီး
အခြား တရုတ်ဖုန်းတွေတော့ အဝယ်လိုက်ပါတယ်" လို့ဆိုပါတယ်။

မန်းလေးမှာ လုပ်ငန်းခွင်ဝင် ရုံးတက်နေတဲ့ မချောကိုမေးမြန်းကြည့်ရာမှာ
တော့"အမက အရင်ကတည်းထွက်တဲ့ Samsung စီးရီးတွေထဲကဖုန်းတွေကို
ပဲကိုင်ဖြစ်တယ်။ သူငယ်ချင်းတွေအားလုံးကလည်း Samsung တွေပဲအကုန်
လုံးကိုင်ကြတာပေါ့။ ဒါပေမယ့် Samsung ကနောက်ပိုင်းဖုန်းတွေ တအား
ထုတ်လာတဲ့အခါကျတော့ အမတို့သူငယ်ချင်းတွေ ကိုင်တဲ့ ဖုန်းတွေက
အောက်ကုန်တာပေါ့နော်။ ဒါနဲ့ တန်းမြင့် Samsung ဖုန်းကိုပြောင်းကိုင်ဖို့
မေးမြန်းကြည့်တဲ့ အခါဈေးတွေက အရမ်းများလွန်းနေတယ်။ ဒါကြောင့်
သူငယ်ချင်းတွေအကုန်လုံးက Samsugn နဲ့ HTC တို့လိုနာမည်ကျော်ဖုန်း
တွေကို သုံးချင်ပေမယ့် Huawei မှာအဲဒီဖုန်းတွေမှာလုပ်လို့ရတဲ့ ဟာအကုန်
လုံးနီးပါး ပါနေတော့ နောက်ဆုံးတော့ အကုန်လုံးက Huawei ကိုပဲရွေးသုံး
ကြတော့တယ်လေ။ သူတို့တွေအကုန်လုံး အခုထိသုံးရတာ ကျေနပ်နေတုန်း
ပဲလို့ပြောတယ်။ ဒါပေမယ့် Huawei က ၂ နှစ်လောက်ဆိုရင် Touch လေး
လာတယ်။ သို့ပေမယ့် ၂ နှစ်တောင်သုံးပြီးသွားပြီဆိုတော့ ပေးထားတဲ့ ဈေးနဲ့
ကတန်သွားပြီလို့ တစ်ဖက်ကပြန်ကြည်ရင်လည်း ဟုတ်နေပြန်ရော။ ဖုန်း
တွေက တစ်လကို ၂ မျိုးလောက်ထွက်နေတာဆိုတော့" ဟု သူမရဲ့ ဖုန်းဈေး
ကွက်အမြင် ယခုလိုပြောကြားသွားပါတယ်။

ချင်းပြည်နယ်တီးတိန်မြို့မှာနေထိုင်တဲ့ Gin Kim Mang ကိုဆက်သွယ်မေး
မြန်းကြည့်ရာမှာတော့ " ကျွန်တော်တို့ ဒီဖက်မှာလည်း Huawei တွေပဲအကိုင်
များတယ်ဗျ။ သူကအခြားဖုန်းတွေနဲ့ ယှဉ်ရင် ဈေးချိုတယ်ဗျ။ ပြီးတော့ Function လည်းအခြားဖုန်းတွေနည်းတူ စုံတယ်ဆိုတော့ တော်တော်များများ
ကဒါကိုပဲသုံးကြတယ်ဗျ" လို့သူ့အမြင်ကိုပြောပါတယ်။

ဒီလိုနဲ့ ရန်ကုန်ဖက်ကသုံးစွဲသူ တွေကိုပြန်ပြီးတီးခေါက်ကြည့်မိတဲ့အခါ
မှာတော့ လက်ရှိ iPhone 4S ကိုသုံးနေတဲ့ ကိုစိုးကြီးက " သုံးစွဲသူကတော့
အမျိုးမျိုးပဲလေ၊ သူ့အကြိုက်နဲ့ သူပေါ့။ အဓိကပြောရရင် ငွေပဲဗျ။ ဘယ်သူ့ကို
သွားမေးမေး ပိုက်ဆံရှိရင်တော့ အကောင်းဆုံးဆိုတဲ့ ဟာကိုပဲရွေးကြမှာပဲလေ
ဟုတ်တယ်မလား။ အကိုလည်းသိမှာပေါ့ ဖုန်းဆိုင်တွေတော်တော်များများမှာ
လည်း လက်ရှိအရောင်းသွက်နေတာ ဘယ်ဖုန်းလည်းဆိုတာ။ စီးပွားရေး၊ငွေ
ရေးကြေးရေးအဆင်ပြေတဲ့ သူကရှာကြည့်လိုက်ရင် လက်ချိုးရေလို့ရနေတယ်
ဆိုတော့ User အများစုကတော့ ဈေးသင့်ပြီး Function များတဲ့ဟာတွေကိုပဲ
ရွေးကြတာလေ။ ဒါတွေအားလုံးကို ရနိုင်တာဆိုလို့လည်း Huawei မှာပဲရှိတာ
ကို၊ မိတ်ဆွေတွေထဲမှာ တောင် Huawei သုံးတဲ့ သူတွေအများကြီးပါပဲ" လို့
သူ့အမြင်ကိုပြောသွားပါတယ်။

လက်ရှိလည်း Huawei ဟာမြန်မာပြည်ဈေးကွက်အတွင်း လူကြိုက်များတဲ့
ဟန်းဆက်ဖြစ်နေသလို မကြားသေးခင်မှ မြန်မာ့ဆက်သွယ်ရေးမှာ တင်ဒါ
အောင်မြင်သွားတဲ့ Telenor ကလည်း Huawei အမှတ်တံဆိပ်နဲ့
တယ်လီဖုန်း ကွန်ယက်တည်ဆောက်ဖို့ သဘောတူထားတဲ့ အတွက် လူစိတ်
ဝင်စားမှုမြင့်တက်စေတဲ့ အကြောင်းအရာဖြစ်နေပြန်ပါတယ်။

ဈေးနှုန်းအရကော၊ User တွေကြားမှာသုံးစွဲရတာ လွယ်ကူစေတာရော၊
တန်းမြင့်ဖုန်းတွေနည်းတူ ဖန်ရှင်စုံလင်တာက ရွေးချယ်သူတွေအကြိုက်
တွေ့နေတဲ့ Huawei ဟန်းဆက်တွေဟာ၊လက်ရှိမှာလည်း အရောင်းသွက်နေ
သလို တယ်လီဖုန်း ကွန်ယက်တည်ဆောက်ဖို့ သဘောတူထားတဲ့ အချက်
အရပါ မြန်မာပြည်ဖုန်းဈေးကွက်ကို ဆက်လက်ဦးဆောင်သွားမယ့်
အမှတ်တံဆိပ်လို့ မြင်မိပါကြောင်း။

Credit>>> ခွန်နေ

Kan Thar Business Group (#AKH)

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။