Sunday, November 24, 2013

မြင်းမွေးပြီး ပိုက်ဆံလိုက်စားရမဲ့ Game: Horse World 3D My Riding Hrose v 1.5 (money mode) apk

 
မင်္ဂလာပါသူငယ်ချင်းတို့... ဒီတစ်ခါမှာတော့ အားလုံးလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ထင်တဲ့ Game လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ဒီ game လေးကတော့ အားလုံးလည်းစိတ်
ဝင်စားမဲ့၊ ကစားလို့လည်းကောင်းမဲ့ game လေးတစ်ခုပါ။ အားလုံးလည်း တကယ်စိတ်ဝင်စားမှာပါ။ ကျွန်တော်တောင် ကစားရင်းနဲ့ ကြိုက်သွားတဲ့ game လေးပါ။

Game လေးရဲ့ ပုံစံကတော့ မြင်းလေးနှစ်ကောင်ရှိတယ်ဗျ။ အဲ့ဒီမြင်းလေးနှစ်ကောင်ကို အရင်ဆုံးသန့်ရှင်းရေးတွေလုပ်ပေး၊ အစာတွေကျွေး၊ ပြီးတော့ မြင်းစီးပြီးတောထဲကို ခရီးအသွား
လမ်းမှာ ပိုက်ဆံတွေကိုစားသွားရတဲ့ game လေးပါ။ ပြီးရင် မြင်းတွေကို ကိုယ်အလှဆင်ချင်သလို ဆင်ဖို့၊ အစာတွေကျွေးချင်သလိုကျွေးဖို့အတွက်က ပိုက်ဆံကို အသုံးပြုပြီး ကိုယ်လိုချင်တာတွေ
ကိုလုပ်ရမှာဖြစ်တာကြောင့် ပိုက်ဆံကိုရှာရမှာဖြစ်ပါတယ်။ ကစားရတာလည်းလွယ်ကူပါတယ်။ ပိုက်ဆံစားရတဲ့ပုံကတော့ ဖုန်းကို ဘယ်ညာလေးစောင်းပေးလိုက်တာနဲ့ ဘယ်ကွေ့ညာကွေ့ကို လုပ်ဆောင်ပေးမှာပါ။
အဲ့လောက်အခြေခံလေးတွေကို တော့ android user တွေအနေနဲ့ သိပြီးသားဖြစ်ကြမှာပါ။ ကစားနည်းလေးကတကယ်ကိုရိုးရှင်လွန်းပါတယ်။ လွယ်လည်းလွယ်ကူပါတယ်။ 





ကျွန်တော် game file လေးကို နှစ်ခုတင်ပေးလိုက်ပါတယ်။ တစ်ခုက ရိုးရိုးဂိမ်းလေးဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ပိုက်ဆံလိုက်စားရတဲ့ ဂိမ်းလေးပါ။ အဲ့ဒါကြောင့် game file လေးကို သေသေချာချာကြည့်ပြီးမှ
download လုပ်ကြပါဗျာ။ 

အောက်က link တွေကနေ download လုပ်နိုင်ပါပြီဗျာ.. 



အားလုံးအဆင်ပြေကြပါစေ...

Aung Ko Htet

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
 Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။