
ဘဏ်ဖြင့် ချိတ်ဆက်ရန် မလိုအပ်ဘဲ ဖုန်းမက်ဆေ့ခ်ျ ပေးပို့ရုံဖြင့် တိုင်းနှင့်ပြည်နယ်အလိုက် ငွေပေးပို့နိုင်သည့် ဝန်ဆောင်မှု နိုဝင်ဘာလအတွင်း စတင်မည်ဖြစ်ကြောင်း Myanmar Telecommunication Service ကုမ္ပဏီမှ သိရသည်။ မိုဘိုင်းဖုန်းမှ တစ်ဆင့် ငွေပို့ငွေလွှဲ ဆောင်ရွက်နိုင်ရန်အတွက် နယ်ဒေသ အသီးသီးတွင် ကိုယ်စားလှယ်များ ထားရှိသွားမည် ဖြစ်ကာ ယင်းကိုယ်စားလှယ်များမှ တစ်ဆင့် ငွေပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့ကို လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“Mobile Payment စနစ်ကတော့ ဖုန်းကနေ
ငွေပို့ငွေလွှဲနိုင်မယ်၊ အဓိကက အောက်ခြေ အဆင့်အထိပါ ကျယ်ကျယ်ပြန့်ပြန့်
သုံးလာနိုင်ဖို့အတွက် ရည်ရွယ်တယ်၊ ဘဏ်စနစ်လဲ မလိုအပ်တော့ ၂၄ နာရီ
ဝန်ဆောင်မှုပေးဖို့ ရှိတယ်၊ သုံးမယ့်သူတွေ အတွက်လဲ အလွယ်တကူ
ငွေပို့ငွေလွှဲတာတွေ လုပ်နိုင်မှာပါ” ဟု MTS ကုမ္ပဏီမှ ဦးကောင်းဆက်က
ပြောသည်။ ယင်းစနစ်ကို အသုံးပြုလိုသူများ အနေဖြင့် မိုဘိုင်း ဖုန်းနံပါတ်သည်
အကောင့်နံပါတ် အဖြစ် သတ်မှတ်သွားမည် ဖြစ်ပြီး ငွေလွှဲနိုင်သည့် အမြင့်ဆုံး
ပမာဏမှာ ကျပ် ၁၀ သိန်းအား ငါးကြိမ် လွှဲနိုင်မည် ဖြစ်ပြီး အလွယ်တကူ
ငွေလွှဲနိုင်ရန် မြို့နယ်တိုင်းတွင် ကိုယ်စားလှယ်များ ထားရှိပေးသွားမည်
ဖြစ်ကာ လက်ရှိတွင် သင်တန်းများ စတင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
“လက်ရှိက မိုဘိုင်း သုံးစွဲတဲ့နှုန်းကလဲ သိပ်မများသေးဘူး၊ စမတ်ဖုန်း ဖြစ်တယ်ဆိုရင် ဒီစနစ် သုံးနိုင်မှာပါ။ အနိမ့်ဆုံး စမတ်ဖုန်းတွေမှာပါ သုံးနိုင်အောင် စီစဉ်ထားပါတယ်၊ ငွေလွှဲခကိုလဲ အနိမ့်ဆုံးဖြစ်အောင် လျှော့ချထားပါတယ်” ဟု ယင်းက ပြောသည်။ အဆိုပါ ငွေလွှဲခြင်း စနစ်သည် တစ်စုံတစ်ရာ ခက်ခဲမှု ဖြစ်ပါက ပြန်လည်စစ်ဆေးပေးနိုင်ခြင်းအပြင် ငွေကြေးဆိုင်ရာ လုံခြုံမှုရှိရန် ဆောင်ရွက်ထားသည်ဟု သိရသည်။ ဘဏ်မှတစ်ဆင့် ငွေလွှဲသည့်စနစ်ကို အသုံးပြုနေသူ ဦးအောင်ကျော်က “ငွေလွှဲက ဘဏ်စနစ်နဲ့ဆိုရင် အချိန်တိုင်းပို့လို့ လက်ခံလို့ မရဘူး။
မိုဘိုင်းကနေ ငွေပို့လို့ရမယ်
ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ စိတ်ချလို့ရမယ့် အာမခံပေးဖို့တော့
လိုမယ်ထင်တယ်။ ဘဏ်စနစ်ကတော့ လုံခြုံတယ်၊ ဝန်ဆောင်ခ ပေးရတာချင်းအတူတူ
စိတ်ချလုံခြုံမှု ရှိတာကိုပဲ ရွေးသုံးဖြစ်မယ်” ဟု ပြောသည်။ မိုဘိုင်း
ငွေလွှဲစနစ်ကို နိုဝင်ဘာလအတွင်း စတင်မိတ်ဆက်သွားမည် ဖြစ်ကာ http://www.myanmarmobilemoney.com/ ဝက်ဘ်ဆိုက်တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ဖူးပွင့်သော်
Ref & Credit: Yangon Times Journal
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။