ဂျပန်နိုင်ငံမှာ
Samsung ရဲ့  Galaxy J ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ် ပါတယ်။ သို့ပေမယ့်
ဝမ်းနည်း စရာပဲလား၊ ဝမ်းသာစရာပဲလားတော့မသိဘူး။ ဂျပန်နိုင်ငံအတွက်ပဲ
သီးသန့်ရည်ရွယ်ပြီး ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
မျက်နှာပြင်
အရွယ်က ၅ လက်မ ရှိပြီး Full HD Super AMOLED Display ကို အသုံးပြု
ထားပါတယ်။ 2.3 GHz quad core processor ကို အသုံးပြု ထားပါတယ်။ RAM က 3GB
ပါ။ 150Mbps Xi LTE Support ပါဝင်ပါတယ်။ နောက်ကင်မရာ 13 megapixel, ရှေ
့ကင်မရာ 2 megapixel ပါဝင်ပြီး ဘက်ထရီက 2600 mAh ဖြစ်ပါတယ်။ NFC ပါဝင်
ပါတယ်။ အပြင်ပုံပန်းသဏ္ဍာန် အရွယ်အစားက Samsung Galaxy S4 က ယူထားပြီး
အတွင်းက နည်းပညာ ပစ္စည်းများကတော့ Samsung Galaxy Note 3 က ယူထားခြင်း
ဖြစ်ပါတယ်။ ဒီတော့ ဈေးနှုန်းကလည်း သူတို့ နှစ်ခုကြားမှာ ရှိနေမှာပါ။
Samsung Galaxy J လို့ အမည်ပေးရတဲ့ အကြောင်းအရင်းကလည်း ဂျပန်နိုင်ငံ
အတွက်ပဲ သီးသန့် ရည်ရွယ်တာမို့ J လို့ တပ်ရခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
Aung Ko Htet
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။