Saturday, October 26, 2013

အမေရိကန် ကျောင်းသား ၉၉ ရာခိုင်နှုန်း မြန်နှုန်းမြင့် အင်တာနက်ရမည် - အိုဘားမား




ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် သမ္မတ အိုဘားမားဟာ နယူးယောက်မြို့ မှာ ရှိတဲ့ Science and Technology အထက် တန်းကျောင်းတစ်ခုကို သွားရောက်ခဲ့ပြီး လူငယ်များ ကို တွေ့ဆုံ ဟောပြောခဲ့ ပါတယ်။ 


ယင်းဟောပြောချက်ထဲမှာ အမေရိကန်နိုင်ငံရဲ့  ကျောင်းသား ၉၉ ရာခိုင်နှုန်းကို မြန်နှုန်းမြင့် အင်တာနက်လိုင်း ရရှိရန် ကြိုးပမ်းသွားမယ် လို့ ပြောဆိုခဲ့ ပါတယ်။ “ နိုင်ငံက ကျောင်းသား လူငယ်အားလုံး ကမ္ဘာ့ သတင်းအချက်အလက် ကို အလွယ်တကူ ဝင်ရောက်ကြည့်ရှု နိုင်စေရမယ်။ အသုံးပြု နိုင်စေရမယ်။ ဒါကို ပညာရေးမှာ အကောင်းဆုံး အသုံးချနိုင်ရမယ်။ ဒီအတွက်လည်း နိုင်ငံက ထိပ်သီး နည်းပညာ ကုမ္မဏီ ပိုင်ရှင် ၄၊ ၅ ဦးနဲ့ တွေ့ဆုံ စကားပြောပြီးသွားပါပြီ။ မဖြစ်ဖြစ်အောင် အကောင် အထည်ဖော်တော့ မှာပါ။ ရွှေ့ ပြောင်းနေထိုင် လာနိုင် ဘယ်နိုင်ငံ သား ကျောင်းသားမဆိုလည်း အမေရိကန် citizen လိုပဲ တူညီတဲ့ အခွင့်အရေး ရရှိစေမယ်။ အမေရိကန် ရဲ့  ပညာရေးကို ဈေးကြီးတယ်လို့ ယူဆပါသလား။ ဘယ်လောက်ထိ ဈေးသက်သာတဲ့ ပညာရေး ဖြစ်တယ် ဆိုတာကို မြင်ရဖို့ ခဏသာ စောင့်ပေးပါ”  လို့ ပြောကြားခဲ့ ပါတယ်။ 

အင်တာနက်လိုင်း ရရှိမှုအပြင်၊ မြန်ဆန်သော အင်တာနက်လိုင်းကြောင်း သတင်းအချက်အလက်အပြင်၊ ပညာ သင်ကြားရေးမှာ ကောင်းကောင်း အသုံးချနိုင်ပြီး ဒါဟာ ၂၁ ရာစုမှာ အင်မတန်အရေးကြီးတဲ့ အစိတ် အပိုင်းအဖြစ် အမေရိကန် အစိုးရတို့က လက်ခံထားကြောင်း သိရပါတယ်။

Ref: mashable
Aung Kham ( TSJ Team )



Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။