Nokia N8 နဲ့ Belle Smartphone တွေအတွက် Language တွေကို translate လုပ်ပေးမဲ့ application လေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။ Android phone တွေမှာတော့ ဒီိလို application လေးကို အသုံးပြုပြီးသာဖြစ်မှာပါ။ ဒါပေမဲ့ Nokia တို့ Belle Smartphone တွေလို symbian OS တွေအတွက်ကြတော့
application တွေကသိပ်မရှိကြဘူးလေ။ အဲ့ဒါကြောင့် တင်ပေးလိုက်ရတာပါ။
ဒီ application လေးကိုအသုံးပြုရတဲ့ ပုံစံလေးကလည်း အရမ်းရိုးရှင်းပါတယ်။ ဒီ application လေးကို install လုပ်ပြီး open လုပ်လိုက်ပါ။ ပြီးရင် application လေးမှာ from နဲ့ to ဆိုတဲ့ အကွက်လေးနှစ်ကွက်ကို တွေ့ရပါလိမ့်မယ်။
အဲ့ဒီ from ဆိုတဲ့နေရာမှာ ကိုယ်စပြီးသုံးနေတဲ့ language ကိုထည့်ပေးရမှာဖြစ်ပြီး to နေရာမှာ ကိုယ်ပြောင်းချင်တဲ့
language ကိုထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် အောက်မှာ translate ဆိုတဲ့ tab လေးကို နှိပ်ပေးလိုက်ရင် အဆင်ပြေပြေအသုံးပြုသွားနိုင်ပြီဖြစ်ပါတယ်ဗျာ။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
Aung Ko Htet (IT Account)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။