Saturday, June 22, 2013

ကမ္ဘာ့ပထမဆုံး Touch screen Router



Router မှာ ထိတွေ့မျက်နှာပြင် (touch screen) အသုံးပြုမှုဟာ တကယ် ပထမဆုံး ဖြစ်ပါတယ်။

အမေရိကန်မှ Securifi အမည်ရ ဟာ့ဒ်ဝဲ ကုမ္ပဏီက ထုတ်လုပ်တာပါ။ အခြားသော ကုမ္ပဏီအမှတ်တံဆိပ် Router နဲ့ Networking Device များနှင့် လည်း Compact ဖြစ်ပါတယ်။ ကြိုးမဲ့ Router အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။

touch screen မျက်နှာပြင်မှာတင် Wireless, Security, Range Extender နဲ့အခြားသော function များကို PC နဲ့ချိတ်စရာမလိုပဲ တစ်ခါတည်း Setting ဝင်ပြင်လို့ရပါတယ်။ Network ထပ်ချဲ့ ပေးမယ့် Range Extender (Repeater) လိုမျိုးလည်း အသုံးပြုလို့ရပါတယ်။ Wireless speed 300 Mbps အထိ ထုတ်ပေးနိုင်ပါတယ်။ Security အတွက်လည်း သေချာ လုပ်ပေး ထားပါတယ်။ Password, SSID အားလုံးကို စက်ရုံမှ ထုတ်ကတည်းက သေချာ setting လုပ်ထားပေးပြီး Google ရဲ့  Location Tracking Database မှာ record အလုပ်မခံရအောင် ကာကွယ် ပေးနိုင်ပါတယ်။

ဈေးလည်း သက်သာပါတယ်။ အမေရိကန်ဒေါ်လာ ၇၉ ဒေါ်လာ ဝန်းကျင်သာ ရှိပြီး အသေးစိတ် အချက်အလက်ကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
အစ်ကိုတစ်ယောက်တင်ထားတာတွေ့လို့ ပြန်လည်ဝေမျှပေးလိုက်ရတာပါဗျာ။
http://amzn.to/11xbqKe
အားလုံးအဆင်ပြေကြပါစေဗျာ။  

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။