ဒီအကြောင်းအရာလေးက ဗဟုသုတအနေနဲ့ သူများဆီကနေ ပြန် share ပေးလိုက်တာပါဗျာ။
လတ်တလော မိုဘိုင်းဈေးကွက်ထဲသို့ဝင်ရောက်လာတဲ့ FireFox Mobile Browser အခြေပြု FireFox
OS သုံးထားတဲ့ စမတ်ဖုန်းနှစ်လုံးအကြောင်းကို မိုဘိုင်းအသုံးပြုသူများသိရှိစေရန် တင်ဆက်လိုက်ပါတယ်။
GeeksPhone Keon
ပေါ့ပေါ့ပါးပါးနဲ့ စွယ်စုံရ စမတ်ဖုန်းတစ်လုံးအဖြစ် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
နောက်ပြီး ဈေးကွက်ထဲမှာ US$ 119 (ကျပ် တစ်သိန်းဝန်းကျင်) လောက်နဲ့ ဝယ်ယူနိုင်အောင် သီးသန့်
ထုတ်လုပ်ထားတဲ့ GeeksPhone ဖြစ်ပါတယ်။ Firefox OS ကိုအသုံးပြုထားတဲ့
တန်ဖိုး အသင့်အတင့် စမတ်ဖုန်းတစ်လုံးပါ။ GSM 2G, 3G Network တွေကို
အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်က ၃.၅ လက်
မဖြစ်ပြီး HVGA Multi-touch မျက်နှာပြင်ပါ။ Memory ကို 4 GB ထည့်သွင်းပေးထားပြီး RAM 512 MB ကိုလည်း အသုံးပြုထားပါတယ်။
3 MP ရှိတဲ့ နောက်ကင်မရာတစ်လုံးကိုပဲ တပ်ဆင် ထားတာဖြစ်ပြီး ရှေ့ကင်မရာတော့ မပါဝင်ပါဘူး။
1GHz Processor ကို အသုံးပြုထားပါတယ်။

Firefox OS
Firefox OS ဖြစ်တဲ့အတွက် HTML, CSS, Java Script ကဲ့သို့သော Basic
Programming Language တွေ သိရုံနဲ့ ကိုယ်ပိုင် Apps တွေကို
အလွယ်တကူရေးနိုင်ပါလိမ့်မယ်။ Apps တွေကို ကိုယ်
တိုင်ရေးပြီး ကိုယ်တိုင်စမ်းသပ်အသုံးပြုနိုင်ပါတယ်။ Web Developer တွေအတွက်တော့ စိတ်ကြိုက်ပေါ့။
အသွင်အပြင်
အခြေခံ Programming Language နဲ့ ရေးထားတယ်ဆိုပေမယ့်လည်း Android
ဖုန်းတွေမှာ မြင်တွေ့ရတဲ့ အသွင်အပြင်ဒီဇိုင်းနဲ့ဆင်တူပါတယ်။ သုံးနေကျ
Setting တွေ၊ Contact တွေအတိုင်း ပုံမှန် အသုံးပြုနိုင်ပါ
လိမ့်မယ်။
စွမ်းဆောင်ရည်
Apps တွေကို ကိုယ်တိုင်ရေးပြီး စမ်းသပ်တဲ့အခါမှာလည်း စွမ်းဆောင်ရည်တွေကို အမြင့်ဆုံး ပေးစွမ်းနိုင်
ပါတယ်။ ဘတ်ထရီစွမ်းအင် သုံးစွဲမှုနည်းနည်းနဲ့ သင့်ရဲ့ Apps တွေကို အပေါ့ပါးဆုံး အချောမွေ့ဆုံး Run
နိုင်မှာ ဖြစ်ပါတယ်။
GeeksPhone Peak
Developer တွေအတွက် စွမ်းအင်ပြည့်မောင်းနှင်ပေးမဲ့ GeeksPhone ဖြစ်ပါတယ်။ Keon ထက်အရွယ်
အစားပိုကြီးပြီး စွမ်းဆောင်ရည်လည်း ပိုမြင့်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို
အသား ပေးထားတဲ့အတွက် US$ 194 (ကျပ် တစ်သိန်းခွဲကျော်ဝန်းကျင်)
တန်ဖိုးရှိပါတယ်။ မျက်နှာပြင်က ၄.၃ လက်မဖြစ်ပြီး qHD အရည်အသွေးရှိတဲ့ IPS
မျက်နှာပြင်ကို အထူးရွေးချယ် အသုံးပြုထားတာပါ။
Keon နဲ့ မတူညီတဲ့နောက်တစ်ချက်ကတော့ Peak မှာ အရှေ့အနောက် ကင်မရာနှစ်လုံးကို တပ်ဆင်
ထားခြင်းပါပဲ။ နောက်ပိုင်းမှာ 8 MP ကင်မရာနဲ့ ရှေ့ပိုင်းမှာ 2 MP ကင်မရာတွေကို တပ်ဆင် ပေးထား
တဲ့အပြင် Flash မီးကိုပါ တပ်ဆင်ထားတာပါ။ 1.2GHz ရှိတဲ့ Processor ၂ လုံးက ဖုန်းရဲ့ စွမ်းဆောင်
ရည်ကို အမြင့်ဆုံးရောက်ရှိအောင် ပို့ဆောင်ပေးမှာပါ။
အသုံးပြုနိုင်တဲ့ Apps များ
မိုဘိုင်းဖုန်းတွေမှာ ပထမဆုံး စတင်အသုံးပြုတဲ့ OS ဖြစ်တဲ့အတွက် Apps ပိုင်းဆိုင်ရာ
အတွက်တော့ Android နဲ့ iOS တွေလောက် Apps တွေ မများပြားပါဘူး။ Android Apps တွေကို လည်း ထောက်
ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ အခုလက်ရှိအချိန်မှာတော့ Firefox OS
မှာအသုံးပြုနိုင်မယ့် Apps တွေကို www.marketplace. mozilla.org မှာ
Download ယူနိုင် မှာဖြစ် ပါတယ်။
Download အလွယ်တကူပြုလုပ်နိုင်ဖို့အတွက် လည်း Market Apps ကိုလည်း ထည့်သွင်းပေးထားတဲ့
အပြင် Twitter, Facebook, YouTube တို့လို နာမည်ကြီးတဲ့ Apps တွေကိုလည်း Firefox OS မှာ အ
သုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
Market Place မှာ အခမဲ့ တင်ရောင်းနိုင်
Firefox OS မှာ Run နိုင်တဲ့ Apps တွေကို အလွယ်တကူရေးနိုင်တဲ့အပြင် ရေးဆွဲထားတဲ့ Apps တွေ
ကိုလည်း Mozilla Market Place မှာ အခမဲ့ တင်ရောင်းနိုင်ပါသေးတယ်။
ပုံမှန်အားဖြင့် Google Play နဲ့ Apple Play Store မှာ Apps တွေ
တင်ရောင်းမယ်ဆိုရင် Store ကို ငွေပေးဆောင်ရပါတယ်။ Mozilla Market Place မှာ
Apps တင်ရောင်းဖို့ အတွက် ငွေ မပေးချေရခြင်းက Firefox OS ရဲ့ အားသာချက်ပါ။
သုံးသပ်ချက်
GeeksPhone Keon နဲ့ Peak က Developer တွေအတွက် သီးသန့်
ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် သာမန်မိုဘိုင်းဖုန်း အသုံးပြုသူတွေ အတွက်ကတော့
မထူးခြားစေပါဘူး။ ဒါပေမယ့် Apps တွေ၊ Web
တွေ ရေးဆွဲတဲ့ Developer တွေအတွက် အလွန်အသုံးဝင်တဲ့ စမတ်ဖုန်းများဖြစ်ပြီး ဈေးနှုန်းသက်သာစွာ
နဲ့ ဝယ်ယူနိုင်ခြင်းကလည်း ကျေနပ်စရာဖြစ်ပါတယ်။
အားလုံးဗဟုသုတရတယ်ဆိုရင်တော့ ကျွန်တော်ပျော်တာပေါ့ဗျာ။
ကျန်းမာရေးဂရုစိုက်ကြပါဗျာ။ မိုးတွင်းဆိုတော့ နည်းနည်း ဖျားနာတာလေးတွေများတယ်ဗျာ။
အားလုံးပဲ ကျန်းမာရွှင်လန်းပြီး အဆင်ပြေကြပါစေဗျာ။ ............
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။